ရင်ဘတ်ထဲက အနုပညာ

နှလုံးသားဖြင့်ရေးဆွဲသည်

knowledge & joke

???????????????????????????????????? ?????????????????????????????????????????????

Posted by nay thawe on October 2, 2011 at 10:25 AM

ချစ်မြတ်နိုးဖွယအမြွှာရင်သွေး သားသားမီးမီးလေးတွေရအောင် ဘယ်လို စွမ်းဆောင်ကြမလဲ

သားသမီးရတနာဆိုတာ မိဘတွေရဲ့စိတ်နှလုံးကိုပျော်ရွှင်မှုပေးနိုင်ဆုံးချစ်စရာအရာလေးတွေဖြစ်ပါတယ်။ကလေးတစ်ယောက်မွေးလာလို့ပျော်ရွှင်ရသလို အမြွှာ

ပူးလေးနှစ်ယောက် သို့မဟုတ် သုံးယောက်မွေးလာတဲ့အခါကျတော့မိဘတွေရဲ့ ပျော်ရွှင်မှုက အတိုင်းမသိ အဆတိုး ပျော်ရွှင်ကြရပါလိမ့်မယ်။

                လူတွေဟာသနှောပြောကြသလိုကလေးတစ်ယောက်စာ စားစရိတ်နှင့်၊ မွေးဖွားမှုဒုက္ခတွေကိုတစ်ကြိမ်ပဲကြုံရပြီး ရင့်နင့်သဲချာတစ်ယောက်ထက်ပိုပြီး

ရမယ်ဆိုရင် အစစအရာရာ တွက်ချေကိုက်ပါတယ်။ နောက်ပြီး ရုပ်ချင်းဆင်တူ ကလေးလေးနှစ်ယောက်ကို ရရှိခြင်းဆိုတဲ့ အချက်က မိဘတွေစိတ်ကူးယဉ်

လောက်တဲ့ ပျော်စရာလေးမို့ အမွှာပူးမွေးအောင် ဘယ်လို နေထိုင် ကျင့်သုံးကြရမလဲဆိုတာစိတ်ဝင်စားသူများအတွက်တင်ပြပေးလိုက်ပါတယ်။

                (၁)အမျိုးသမီးရဲ့ ဓမ္မတာ စက်ဝန်းရဲ့ အနေအထားကို သေချာသိအောင် စနစ်တကျ ပြက္ခဒိန်မှာမှတ်သားပါ။အကြမ်းဖျင်းပြောရရင် သန္ဓေအောင်နိုင်တဲ့

အချိန်ကာလက ဓမ္မတာစလာတဲ့ရက်ကနေတွက်ရင် (၉)ရက်မြောက်နေ့ကနေ (၁၅)နေ့မြောက်ကြားဖြစ်ပါတယ်။

                ကလေးမလိုချင်တဲ့သူတွေကအဲဒီရက်ကို ရှောင်ရမှာဖြစ်ပြီး ကလေးရလိုသူတွေကတော့ ဒီရက်နဲ့ကြုံအောင် အတူနေရမှာဖြစ်ပါတယ်။ အမွှာမွေးဖို့က

လဲ ဒီလိုအကောင်းဆုံးသန္ဓေရနိုင်တဲ့အချိန် ဖြစ်နေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

                (၂)ကလေးယူတော့မယ်ဆိုရင် မိခင်လောင်းက ဖောလစ်အက်ဆစ် နေတိုင်းသောက်ပါ။ ဖောလစ်အက်ဆစ်ဟာ ဗီတာမင် B အုပ်စုဝင် တစ်မျိုးဖြစ်ပြီး

ကျန်းမာဖွံ့ဖြိုးတဲ့ ကိုယ်ဝန်တစ်ခုဖြစ်ဖို့မရှိမဖြစ်လိုအပ်ပါတယ်။နောက်ပြီး ကမ္ဘာ့ကျန်းမာရေး ပညာရှင်တွေရဲ့ နောက်ဆုံးပေါ်လေးလာတွေရှိချက်တစ်ခုအရဖော

လစ်အက်ဆစ် ချို့တဲ့မှုမရှိတဲ့ အမျိုးသမီး ၁၇၆ ယောက်မှာ တစ်ယောက်နှုန်းသေချာပေါက်အမွှာပူးမွေးပါသတဲ့။ ဒါကြောင့် အမွှာလေးလို ချင်တယ်ဆိုရင် ကလေး

ယူဖို့ ဆုံးဖြတ်လိုက်ကတည်းက ဖောလစ်အက်ဆစ် တနေ့တပြား စသောက်ဖို့ ပညာရှင်များက မှာကြားပါသည်။

                (၃)နွားနို့သောက်ပါ။ အမွှာမွေးဖွားမှုဆိုင်ရာဆေးပညာလေ့လာချက်တစ်ခုအရနို့နဲ့ နို့ထွက်စားသောက်ကုန်များပုံမှန်စားသော အမျိုးသမီးတွေဟာ

အမွှာမွေးဖို့ အခွင့်အလမ်းသိသာစွာ ပိုများတယ်လို့ ဆိုပါတယ်။ နို့ထဲမှာပါတဲ့ သဘာဝအသားဓါတ်တွေက သားဥအိမ်တွေကို သားဥပိုထုတ်အောင်အားပေးလို့

အမွှာမွေးစေနိုင်ဖို့ အားပေးရာရောက်တာဖြစ်ပါတယ်။

                (၄)အမွှာလိုချင်သော သားဦးမဟုတ်တဲ့ မိခင်တွေအနေနဲ့ လက်ရှိရှိနေတဲ့ ရင်ခွင်ပိုက်ကလေးငယ် သို့မဟုတ် လမ်းလျှောက်တတ်ကာစအရွယ်ကလေး

ငယ်ကို ပုံမှန်နို့ချိုတိုက်ကျွေးပေးပါ။ စစ်တန်းတစ်ခုအရ ကလေးနို့တိုက်နေတဲ့ အမျိုးသမီးတွေ ကလေးထက်ယူရင် အမွှာမွေးဖို့ ရာခိုင်နှုန်း ပိုများတာတွေ့ရှိထား

ရပါတယ်။

                (၅)မိခင်လောင်းက အတန်ငယ်ဝအောင်နေပါ။ ခန္ဓာကိုယ်မှာအဆီများတဲ့အမျိုးသမီး တွေဟာ ပိန်သူတွေထက် အမွှာပူးမွေးဖို့ အခြေအနေပိုနီးစက်ပါ

ဟာ။ အရမ်းကြီးဝဖို့တော့မဆိုလိုပါဘူး။ အရမ်းဝလာရင်လဲ ကျန်းမာရေးကို ထိခိုက်မှာ ဖြစ်ပါတယ်။

                ဒီအချက်တွေကသင်လုပ်ပေးနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေလဲ လုပ်ပေးမယ်၊ အမွှာမွေးတဲ့မျိုးရိုးလဲရှိမယ်ဆိုရင် ချစ်စရာ အမွှာရင်သွေး

လေးတစ်စုံ သင်ပိုင်ဆိုင်နိုင်မှာပါ။ မျိုးရိုးမရှိလျှင် အထက်ပါအချက်တွေက သင်ရည်မှန်းတဲ့ ရင်ခုန်ကြည်နူးဖွယ် ချမ်းမြေ့နွေးထွေးတဲ့မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်

ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

                                ဆက်ပိုင်လင်းခန့်(ဆေး-၂)………….TheVoice Weekly ဂျာနယ်မှ………(vol.6/No.50-November15-21,2010)

 

 


Categories: None

Post a Comment

Oops!

Oops, you forgot something.

Oops!

The words you entered did not match the given text. Please try again.

Already a member? Sign In

1 Comment

Reply uandme
2:08 AM on February 9, 2012 
မင်း မိန်းမရရင် ငါးမွာပူးလောက် မွေးပေးစမ်းဟ ယောက်ျားလေးတွေဘဲနော်
ငါ့ဘောလုံးအသင်းမှာ လူလိုနေလို့ဟ ဒေါ်လာနဲ့ပေးပါ့မယ်ကွာ နော်