ရင်ဘတ်ထဲက အနုပညာ

နှလုံးသားဖြင့်ရေးဆွဲသည်

knowledge & joke

view:  full / summary

???????????????????????????????????? ?????????????????????????????????????????????

Posted by nay thawe on October 2, 2011 at 10:25 AM Comments comments (1)

ချစ်မြတ်နိုးဖွယအမြွှာရင်သွေး သားသားမီးမီးလေးတွေရအောင် ဘယ်လို စွမ်းဆောင်ကြမလဲ

သားသမီးရတနာဆိုတာ မိဘတွေရဲ့စိတ်နှလုံးကိုပျော်ရွှင်မှုပေးနိုင်ဆုံးချစ်စရာအရာလေးတွေဖြစ်ပါတယ်။ကလေးတစ်ယောက်မွေးလာလို့ပျော်ရွှင်ရသလို အမြွှာ

ပူးလေးနှစ်ယောက် သို့မဟုတ် သုံးယောက်မွေးလာတဲ့အခါကျတော့မိဘတွေရဲ့ ပျော်ရွှင်မှုက အတိုင်းမသိ အဆတိုး ပျော်ရွှင်ကြရပါလိမ့်မယ်။

                လူတွေဟာသနှောပြောကြသလိုကလေးတစ်ယောက်စာ စားစရိတ်နှင့်၊ မွေးဖွားမှုဒုက္ခတွေကိုတစ်ကြိမ်ပဲကြုံရပြီး ရင့်နင့်သဲချာတစ်ယောက်ထက်ပိုပြီး

ရမယ်ဆိုရင် အစစအရာရာ တွက်ချေကိုက်ပါတယ်။ နောက်ပြီး ရုပ်ချင်းဆင်တူ ကလေးလေးနှစ်ယောက်ကို ရရှိခြင်းဆိုတဲ့ အချက်က မိဘတွေစိတ်ကူးယဉ်

လောက်တဲ့ ပျော်စရာလေးမို့ အမွှာပူးမွေးအောင် ဘယ်လို နေထိုင် ကျင့်သုံးကြရမလဲဆိုတာစိတ်ဝင်စားသူများအတွက်တင်ပြပေးလိုက်ပါတယ်။

                (၁)အမျိုးသမီးရဲ့ ဓမ္မတာ စက်ဝန်းရဲ့ အနေအထားကို သေချာသိအောင် စနစ်တကျ ပြက္ခဒိန်မှာမှတ်သားပါ။အကြမ်းဖျင်းပြောရရင် သန္ဓေအောင်နိုင်တဲ့

အချိန်ကာလက ဓမ္မတာစလာတဲ့ရက်ကနေတွက်ရင် (၉)ရက်မြောက်နေ့ကနေ (၁၅)နေ့မြောက်ကြားဖြစ်ပါတယ်။

                ကလေးမလိုချင်တဲ့သူတွေကအဲဒီရက်ကို ရှောင်ရမှာဖြစ်ပြီး ကလေးရလိုသူတွေကတော့ ဒီရက်နဲ့ကြုံအောင် အတူနေရမှာဖြစ်ပါတယ်။ အမွှာမွေးဖို့က

လဲ ဒီလိုအကောင်းဆုံးသန္ဓေရနိုင်တဲ့အချိန် ဖြစ်နေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

                (၂)ကလေးယူတော့မယ်ဆိုရင် မိခင်လောင်းက ဖောလစ်အက်ဆစ် နေတိုင်းသောက်ပါ။ ဖောလစ်အက်ဆစ်ဟာ ဗီတာမင် B အုပ်စုဝင် တစ်မျိုးဖြစ်ပြီး

ကျန်းမာဖွံ့ဖြိုးတဲ့ ကိုယ်ဝန်တစ်ခုဖြစ်ဖို့မရှိမဖြစ်လိုအပ်ပါတယ်။နောက်ပြီး ကမ္ဘာ့ကျန်းမာရေး ပညာရှင်တွေရဲ့ နောက်ဆုံးပေါ်လေးလာတွေရှိချက်တစ်ခုအရဖော

လစ်အက်ဆစ် ချို့တဲ့မှုမရှိတဲ့ အမျိုးသမီး ၁၇၆ ယောက်မှာ တစ်ယောက်နှုန်းသေချာပေါက်အမွှာပူးမွေးပါသတဲ့။ ဒါကြောင့် အမွှာလေးလို ချင်တယ်ဆိုရင် ကလေး

ယူဖို့ ဆုံးဖြတ်လိုက်ကတည်းက ဖောလစ်အက်ဆစ် တနေ့တပြား စသောက်ဖို့ ပညာရှင်များက မှာကြားပါသည်။

                (၃)နွားနို့သောက်ပါ။ အမွှာမွေးဖွားမှုဆိုင်ရာဆေးပညာလေ့လာချက်တစ်ခုအရနို့နဲ့ နို့ထွက်စားသောက်ကုန်များပုံမှန်စားသော အမျိုးသမီးတွေဟာ

အမွှာမွေးဖို့ အခွင့်အလမ်းသိသာစွာ ပိုများတယ်လို့ ဆိုပါတယ်။ နို့ထဲမှာပါတဲ့ သဘာဝအသားဓါတ်တွေက သားဥအိမ်တွေကို သားဥပိုထုတ်အောင်အားပေးလို့

အမွှာမွေးစေနိုင်ဖို့ အားပေးရာရောက်တာဖြစ်ပါတယ်။

                (၄)အမွှာလိုချင်သော သားဦးမဟုတ်တဲ့ မိခင်တွေအနေနဲ့ လက်ရှိရှိနေတဲ့ ရင်ခွင်ပိုက်ကလေးငယ် သို့မဟုတ် လမ်းလျှောက်တတ်ကာစအရွယ်ကလေး

ငယ်ကို ပုံမှန်နို့ချိုတိုက်ကျွေးပေးပါ။ စစ်တန်းတစ်ခုအရ ကလေးနို့တိုက်နေတဲ့ အမျိုးသမီးတွေ ကလေးထက်ယူရင် အမွှာမွေးဖို့ ရာခိုင်နှုန်း ပိုများတာတွေ့ရှိထား

ရပါတယ်။

                (၅)မိခင်လောင်းက အတန်ငယ်ဝအောင်နေပါ။ ခန္ဓာကိုယ်မှာအဆီများတဲ့အမျိုးသမီး တွေဟာ ပိန်သူတွေထက် အမွှာပူးမွေးဖို့ အခြေအနေပိုနီးစက်ပါ

ဟာ။ အရမ်းကြီးဝဖို့တော့မဆိုလိုပါဘူး။ အရမ်းဝလာရင်လဲ ကျန်းမာရေးကို ထိခိုက်မှာ ဖြစ်ပါတယ်။

                ဒီအချက်တွေကသင်လုပ်ပေးနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေလဲ လုပ်ပေးမယ်၊ အမွှာမွေးတဲ့မျိုးရိုးလဲရှိမယ်ဆိုရင် ချစ်စရာ အမွှာရင်သွေး

လေးတစ်စုံ သင်ပိုင်ဆိုင်နိုင်မှာပါ။ မျိုးရိုးမရှိလျှင် အထက်ပါအချက်တွေက သင်ရည်မှန်းတဲ့ ရင်ခုန်ကြည်နူးဖွယ် ချမ်းမြေ့နွေးထွေးတဲ့မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်

ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

                                ဆက်ပိုင်လင်းခန့်(ဆေး-၂)………….TheVoice Weekly ဂျာနယ်မှ………(vol.6/No.50-November15-21,2010)

 

 


?????????????????????????????????????????????????????????????????????

Posted by nay thawe on October 2, 2011 at 10:25 AM Comments comments (0)

ခန္ဓာကိုယ်ရှိအရိုးများ……

ဝင်ရိုးတန်းအရိုးစု(၈၀;)ရိုး

ü  ဦးခေါင်းရိုး………….              (၈;)ရိုး

ü  မျက်နှာရိုး…………..             (၁၄;) ရိုး

ü  လည်ဆစ်ရိုး………..             (၇;) ရိုး

ü  နံရိုး        ……………            (၂၄;) ရိုး

ü  ရင်နုရိုး    ………….              (၁;) ရိုး

ü  ခါးရိုး………………..              (၅;)ရိုး

ü  ခါးမချပ်ဆစ်ရိုး………..          (၄;) ရိုး

စုစုပေါင်း-----------------------(၈၀;) ရိုး

 

အပေါ်ပိုင်းတွဲဖက်ရိုးစု(၆၄;) ရိုး

§   ညှပ်ရိုး(ဘယ်၊ညာ;)              ၂-ရိုး

§   လက်ပျင်ရိုး(ဘယ်၊ညာ;)         ၂-ရိုး

§   လက်မောင်းရိုး (ဘယ်၊ညာ;)    ၂-ရိုး

§   လက်ဖျံရိုး(အပြင်;)               ၂-ရိုး

§   လက်ဖျံရိုး(အတွင်း;)              ၂-ရိုး

§   လက်ကောက်ဝတ်ရိုး                        ၁၆-ရိုး

§   လက်ဖ၀ါးရိုး                      ၁၀-ရိုး

§   လက်ချောင်းဆစ်ရိုး              ၂၈-ရိုး

                                                 

စုစုပေါင်း                          ၆၄-ရိုး

 

အောက်ပိုင်းတွဲဖက်ရိုးစု(၆၂;) ရိုး

·         တင်ပါးရိုး(ဘယ်၊ညာ;)           ၂-ရိုး

·         ပေါင်ရိုး         ။                  ၂-ရိုး

·         ဂုံညင်းရိုး       ။                  ၂-ရိုး

·         ခြေသလုံးရိုးကြီး  ။               ၂-ရိုး

·         ခြေသလုံးရိုးငယ်  ။              ၂-ရိုး

·         ခြေကျင်းဝတ်ရိုး   ။              ၁၄-ရိုး

·         ခြေဖ၀ါးရိုး                         ၁၀-ရိုး

·         ခြေချောင်းဆစ်ရိုး                 ၂၈-ရိုး

                                                      

        စုစုပေါင်း                            ၆၂-ရိုး

 

ခန္ဓာကိုယ်ရှိအရိုးအားလုံးစုစုပေါင်း                              ၂၀၆-ရိုး

 

သွေးကြော(၃;)မျိုး

1.    သွေးလွှတ်ကြော

2.    သွေးပြန်ကြော

3.    ဆံချည်မျှင်သွေးကြော

လူတစ်ယောက်ခန္ဓာကိုယ်ထဲရှိ သွေးအမျိုးအစားလေးမျိုး

      I.       သွေးရည်ကြည်

    II.       သွေးဆဲလ်နီ

   III.       သွေးဆဲလ်ဖြူ

   IV.       သွေးဥမွှား

 

သာမန်လူတစ်ယောက် သွေးခုန်နှုန်း(နှလုံးခုန်နှုန်း;)သည် တစ်မိနစ်လျှင် ၇၀ကြိမ်မှ ၈၀ ကြိမ်ကြားတွင်ရှိပြီး

အသက်ရှူနှုန်းမှာ တစ်မိနစ်လျှင် ၂၀ကြိမ်နှုန်းရှိသည်။

သာမန်လူတစ်ယောက်၏ခန္ဓာကိုယ်တွင် သွေး ၅လီတာ(ရေသန့်ပုလင်း၅ဗူး;) သို့မဟုတ် ၁၀ ပိုင့်ရှိပါသည်။

 

 

 

ဘာလို့ကွမ်းစွဲကြတာလဲ…ဘာလို့(ပီကေ;)စားပါများရင် ခဏခဏစားချင်တာလဲ။

အဲလိုပါပဲ…..ပါးစပ်က တစ်ခုခုကို…စွဲသွားကြတာလဲ……

အဖြေကရိုးရိုးလေးပါ။ မသိရင်တော့ ခက်သပေါ့။သိရင် လွယ်လွယ်လေးပါ။

အဲလိုစွဲရတဲ့အဓိကအကြောင်းရင်းကတော့…ပါးစပ်ထဲမှာရှိတဲ့ သွေးကြောမျှင်လေးတွေ၊

အာရုံကြောမျှင်လေးတွေကသေးသေးလေးတွေနဲ့ 

ရှုပ်ထွေးနေတဲ့အတွက်ကြောင့်စွဲလွယ်စေပါတယ်။

                        အဲဒီသွေးကြောင်မျှင်လေးတွေကဥပမာ …ကွမ်းတစ်ခါစားလိုက်တယ်ဆိုပါစို့…

                        ဒါဆို သွေးကြောမျှင်လေးတွေကနောက်ထပ် ထပ်တောင်းတော့တာပါပဲ။ဆက်စားဦးမယ်။ ပါးစပ်ထဲကို

                        ထည့်ပါဦးပေါ့။ အဲလိုနဲ့ စွဲသွားကြတာပါတဲ့ ဗျာ…….

 


knowledge

Posted by nay thawe on April 29, 2010 at 7:50 AM Comments comments (2)

knowledge (1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ ချေလို့မရပါဘူးခင်ဗျာ

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ

် (4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ် (5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို မသိရင်တောင် ကြားဖူးကြမှာပါ ဘုရင်မကြီးဟာ လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့;) တစ်လုံးသာ ရှိပါတယ်

(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ် (8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်;)ပေါင်း 336 ရှိပါတယ်

(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန် ဂရုစိုက်ပါ အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်

(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက် အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင် အစာမစားရသောကြောင့်သာဖြစ်ပါသည်

(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင် ကမ္ဘာကို အပတ် 60 ပတ်မိ မှာဖြစ်ပါတယ်

(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်

(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်

14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ် အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ

(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့ အစားအစာ ကတော့ ပျားရည်ဖြစ်ပါတယ်၊၊

(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်

(17) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊

(18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့် 200 grams ပိုလေးပါတယ်

(19) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော် ရှိပြီး (hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊

(20) ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့် အာဖရိကတိုက်မှ 8 ယောက် စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲမှ တစ်ယောက်တည်းကသာလျှင် ကွန်ပြူတာတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊

(21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း ဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း ရပ်တန့်သွားခြင်းမရှိပေ

(22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ် ဖြင့်လောင်ကျွမ်း ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည် (23) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို မြင်နိုင်သောတစ်ခုတည်းသော ငှက်မှာ ဇီးကွက်ဖြစ်သည် (24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော် ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000 ကျော်ပြောပြီးဖြစ်ပေသည်၊၊ (သြော်... မိန်းမ မိန်းမ )

(25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000 ကျော် ဖြတ်သန်း နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊

(26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့ ဆင်ဖြစ်ပါတယ်

(27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့တလန်ပြည်မှ စတင် တီထွင်ခဲ့တယ်လို့ဆိုပါတယ်၊၊သူတို့ဟာ အဲ့ဒီ ကစားနည်းကို " Gentlemen Only Ladies Forbidden " လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင် ကစားကြတာ ဖြစ်ပါတယ်၊၊

(28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး နေ့စဉ် ခြကောင်ရေ သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊

(29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း;) ဖြစ်ပါတယ်

(30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်

(31) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်း ခံရပါတယ်၊၊ သမ္ဓတကနေဒီကတော့ အထက်လွှတ်တော်အမတ် အဖြစ် 1946 ခုနှစ်မှာရွေးချယ်ခံ ရပါတယ်၊၊

(32) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီး သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊

(33) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူးနာမည်ဟာလည်း လင်ကွန်းဖြစ်နေပြန်ပါတယ်

(34) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့ ရင်သွေးတစ်ဦးစီ ဆုံးပါးသွားခဲ့ရပြန်ပါတယ် သမ္ဓတနှစ်ဦးစလုံးဟာ သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲ ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်၊၊

(35) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ ဂျွန်ဆင်ကြောင့်ပဲ အောင်မြင်ခဲ့ရပြီး တောင်ပိုင်းသားတွေကပဲ ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရပါတယ် သမ္ဓတကြီးလင်ကွန်းကို နိုင်ငံရေးလောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုးဂျွန်ဆင်ဟာ 1808 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့ လန်ဒန်ဂျွန်ဆင် ကတော့1908 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊Posted by nattharlay at 7:52 AM 0 comments Believe it or not 1 သမ္မတ ကြီးလင်ကွန်းကို လုပ်ကြံခဲ့တဲ့ သူကတော့ ဂျွန်ဝိုက်စ်ဘုသ်ဖြစ်ပြီး သူဟာ 1839 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊ သမ္မတ ကနေဒီကိုလုပ်ကြံခဲ့သူ ဟာဗေး အော့ဝေါ့ဒ် မှာ 1939 ခုနှစ် မှာမွေးဖွားသူဖြစ်ပါတယ်၊၊ 2 သမ္မတကြီးလင်ကွန်းဟာ (Ford) ဖို့သ် အမျိုးသားပြဇာတ်ရုံမှာ လုပ်ကြံခြင်းခံခဲ့ရပြီး သမ္မတ ကနေဒီကတော့ (Ford) ဖို့သ်ဆိုသူထုတ်လုပ်ခဲ့တဲ့ ကားထဲမှာလုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ့ကားနာမည်ကလဲ လင်ကွန်းလို့ ခေါ်ပါတယ် 3 သမ္မတလင်ကွန်းကို လုပ်ကြံခဲ့သူ Booth ဟာ ပြဇာတ်ရုံမှ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီးကုန်တိုက်တစ်ခုထဲကနေ ဖမ်းဆီးမိခဲ့ပါတယ်၊၊ သမ္မတ ကနေဒီကိုလုပ်ကြံသူ Oswald ကတော့ ကုန်တိုက်တစ်ခုကနေ ထွက်ပြေးသွားခဲ့ပြီး ပြဇာတ်ရုံထဲကနေ ပြန်လည်ဖမ်းမိခဲ့ပြန်ပါတယ်၊၊ 4 သမ္မတလင်ကွန်းဟာ လုပ်ကြံခြင်းမခံရမီ တစ်ပတ်အလိုမှာ Maryland ပြည်နယ် (Monroe) မွန်ရိုးရပ်ကွက်မှာရှိနေခဲ့ပါတယ်၊၊ သမ္မတ ကနေဒီကတော့ လုပ်ကြံမခံရမီ တစ်ပတ်အလိုမှာ ကမ္ဘောကျော်မင်းသမီး Marilyn Monroe မာရီလင်မွန်ရိုးနဲ့အတူရှိနေခဲ့ပြန်ပါတယ်၊၊ 5 သမ္မတနှစ်ယောက်ကို လုပ်ကြံခဲ့တဲ့ Booth နဲ့ Oswald တို့ဟာ သူတို့ကို တရားရုံးမှ ပြစ်ဒဏ် မချမှတ်ရသေးခင်မှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်၊၊ 6 ပျမ်းမျှအားဖြင့် လေးနှစ်အရွယ် ကလေးတစ်ယောက်ဟာ တနေ့ကို မေးခွန်းပေါင်း 437 ခုထိ မေးမြန်းနိုင်ပါတယ်၊၊ 7 နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ နောက်ကိုပြန်မြင်နိုင်တဲ့ သတ္တ၀ါနှစ်မျိုးကတော့ ယုန် နဲ့ ကြက်တူရွေး တို့ပဲ ဖြစ်ပါတယ်၊ 8 ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးရဲ့ ခြေထောက်နှစ်ချောင်းမှာ ခြေချောင်း ခြောက် ချောင်းစီ ရှိပါတယ်၊၊ 9 ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ 5,940 billion billion metric tons[SIZE=-1] ဖြစ်ပါတယ်ခင်ဗျာ 10 သင့်ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သင်ဟာ အစားအသောက်အလေးချိန်ပေါင်း 60,000 pounds စားသောက်နိုင်ပါတယ်၊၊အဲ့ဒီ အလေးချိန်ဟာ ဆင်ခြောက်ကောင်ရဲ့ အလေးချိန်နဲ့လည်းညီမျှပါတယ် 11 လင်းနို့တွေဟာ ဂူထဲကထွက်တိုင်း ဘယ်ဘက်ကိုပဲ ကွေ့သွားတက်ပါတယ်၊၊ 12 အမျိုးသားတွေရဲ့ ရှပ်အင်္ကျိတွေမှာ ကြယ်သီးက ညာဘက်မှာ ရှိပြီး အမျိုးသမီးဝတ်ရှပ်အင်္ကျိ တွေမှာတော့ ကြယ်သီးက ဘယ်ဘက်မှာ ရှိပါတယ် 13 တိုင်တန်းနစ်သဘောင်္တည်ဆောက်ရာတွင် 7 million dollars ကုန်ကြခဲ့ပြီး တိုင်တန်းနစ်ရုပ်ရှင် ရိုက်ကူးမှုအတွက်မှာမှု 200 million dollars သုံးစွဲခဲ့ရပါတယ် 14 နေ့စဉ်တိုင်းနေ့စဉ်တိုင်းတွင် ကလေးငယ်ပေါင်း 400,000 မွေးဖွားနေပြီး လူဦးရေပေါင်း 140,000 ခန့်သေဆုံးနေလျှက်ရှိကာ စုံတွဲ သန်းပေါင်း 200 ကတော့ making love လုပ်ကြပါတယ်တဲ့ခင်ဗျာ 15 ကမ္ဘာ့လူဦးရေ တစ်ဝက်ကျော် သည် တယ်လီဖုန်းခေါ်ဆိုခြင်း သို့မဟုတ် လက်ခံပြောဆိုဖူးခြင်း မရှိပေ၊၊

joke

Posted by nay thawe on April 29, 2010 at 7:48 AM Comments comments (0)

humar (joke)

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး

ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်

တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို

စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို

တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

 

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ

ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

 

ယောက်ျားလုပ်သူက…

 

"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က

လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ

အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။

ကိုယ်သွားတော့မယ်ကွာ… "

 

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး

စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့

အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

 

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက

သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို

ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း

တယောက်ပါ။

 

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

 

"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

 

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

 

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့

အလုပ်အကိုင်က… "

 

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

 

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

 

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို

ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

 

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

 

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်

မသိဘူးနော်…"

 

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့

ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..

အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က

အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

 

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

 

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ

ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

 

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

 

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့

အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

 

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

 

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

 

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်

ပြီးပြီးရော ဘယ်ရပါ့မလဲ… "

 

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)

 

"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်

လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

 

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်

ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

 

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က

ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

 

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

 

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..

ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း

ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ

မခက်ပါဘူးလေ။

အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး

ကြိုးစားပေးခဲ့တာဗျ။ "

 

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

 

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။

သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

 

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က

လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက

တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက

ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ

ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

 

"ဗုဒ္ဓော… ဘုရား.. ဘုရား… "

 

 

"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။

အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က

တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…

အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့

အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

 

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

 

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး

လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…

ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့

ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်

နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ

ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်

ထောက်တံထုတ်လိုက်မယ်လေ… "

 

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ

ကြားလိုက်ရော… "

 

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…

 

 

 



Rss_feed

Simple Countdown

Google+ Web Search

Recent Videos

183 views - 0 comments
384 views - 0 comments
361 views - 0 comments

Upcoming Events

No upcoming events

how is my site?

Weather