ရင်ဘတ်ထဲက အနုပညာ
နှလုံးသားဖြင့်ရေးဆွဲသည်
Welcome!   
အွန်လိုင်းပေါ်မှာ ပိုက်ဆံရှာမယ်>>>>
 Learning english here
click this photo to go my facebook pageအဖြူရောင်သံစဉ် ရေဒီယို
Sport livescoreLivescore
 ////////////////////////\\\\\\\\\\\\\\\\\\\\\\\\\\\
အလန်းဆုံးဖက်ရှင်တွေနဲ့  မြန်မာပြည်ကမော်ဒယ်ဂဲလေးတွေ တည်ရှိရာသို့
မရလျှင် အောက်မှာ လိပ်စာပေးထားပါသည်။
model.myanmarcelebrity.com/
 မြန်မာနိုင်ငံ၏လတ်လတ်ဆက်ဆက်သတင်းဦးများ....
  ကဗျာအသစ်
မီးပျက်ည
အမှောင်ထဲ အလင်းတွေတွေးမိတယ်
အလင်းထဲမှာ အမှောင်လုပ်သူတို့အကြောင်း
ကောင်းကောင်း မကောင်းကောင်း
မိုးမွှန်သံတွေနဲ့ ရှူကြရှိုက်ကြ
သူတို့စိတ်တွေ မီးပျက်ညဆန်ဆန်ပဲ
ခြင်တစ်ကောင်ကမှ သူ့ဗိုက်ဝရုံသွေးစုတ်တယ်
အမှောင်ကောင်တွေက အမှားလို့မထင်ကြဘူး
ကိုယ့်ကိုယ်ကိုပြန် အိုးမဲသုတ်လို့ကောင်းတုန်း
အင်း စိတ်အလင်းလိုတယ်
ငါကိုယ်တိုင်လဲပဲလေ
ခေတ်ဇဝင် 12:12am 31.5.2012
 သူမ၏
သူမ့
သူငယ်တန်းတုန်းက သင်ပုန်းတစ်ချပ်
'ဝ'လုံး(ငဝိုင်း)လေးတွေကိုပဲ ရေးဖို့သင့်တော်သတဲ့(သူ့ကိုယ်သူ)
သုညသာရေးတတ်တဲ့ ကျွန်တော်
အသည်းကွဲတန်းမှာပဲ နေခဲ့ခိုင်းတယ်
သူမ့
ဆယ်တန်းတုန်းက မေးခွန်းခေါင်းစဉ်တစ်ခု
အောက်ပါတို့ကို ကွက်လက်ဖြည့်ပါ
စာရပေမယ့် အဖြေမတတ်ခဲ့ဘူး
စိတ်တွေကိုကြက်ခြေခတ်ခံရတယ်
အလွမ်းဘာသာက ဂုဏ်ထူးထထွက်တယ်
သူမ့
တက္ကသိုလ်တုန်းက သင်္ချာတစ်ပုဒ်
လွယ်မလိုနဲ့ ခက်စေသည်
စိတ်တွေရှုပ်ထွေးစေတဲ့သူ
မှားမှန်း မှန်မှန်း မစစ်တတ်အောင် လုပ်တယ်
သူမ့
အတ္တဝတီ
ခေတ်ဇဝင် 27-5-2012
 ဒီနေ့အသိ
ငါ့လမ်းလျှောက်ခြင်းတွေ အဓိပ္ပါယ်မမဲ့ပါဘူး
ဒီနေ့ကို ငါကျေနပ်တယ်
ရည်ရွယ်ချက်တွေကို ငါလှမ်းမြင်လိုက်ရတယ်...
ပေါ့ဆမှုတစ်ခုကြောင့် လက်စွပ်တစ်ကွင်းပျောက်တယ်
ဘ၀ဆိုတာ အောင်မြင်မှုရှိသလို ဆုံးရှုံးခြင်းလဲရှိရမှာပေါ့
အောင်မြင်မှုကို ခံစားရသလို ဆုံးရှုံးခြင်းတွေကိုလဲ ခံစားနိုင်ရမှာပေါ့
ငါ့ဘ၀ကို အသိတရားနိုင်နိုင်နဲ့ သုပ်ထားတယ်
ငါက ဘ၀ကို အတတ်နိုင်ဆုံ ဖြေတတ်ဖို့ ကြိုးစားထားတယ်
လောကကြီးက ရောင်စုံခံစားချက်တွေပေးနေလေတော့
လူလေးရေစိတ်ချကွ တစ်နေ့မဟုတ်တစ်နေ့ မင်းရမှာပါ
ထိုထို ခံစားမှုတွေလေ ခံနိုင်ရည်ပဲလိုတာ
မိနစ်တိုင်းက ပျော်လိုက် စိတ်ညစ်လိုက် ပျင်းလိုက် ...
အို ...စုံလို့စုံလို့...
သိကြတဲ့အတိုင်း သချာင်္သင်္ကေတတွေလိုပဲ ....
ဘ၀က အပေါင်း၊အနှုတ်၊အမြှောက်၊အစား တွေနဲ့
တစ်ခါတစ်ခါ root တင်ခံရသေး
ကံကောင်းရင်လဲ square တို့ cube တို့ တင်ရရင် မိုက်ပေါ့
ဒီနေ့အသိက နောက်နေ့တွေတိုင် ခရီးဆက်ရမယ်
အိုး ဒီနေ့ လက်စွပ်တစ်ကွင်း ပျောက်တယ်...
ဟူး ဒီစိတ်က ခဏခဏရောက်ရောက်လာတယ်
ကဲပါလေ...စိတ်တွေညစ်နေမှတော့...
စိတ်တွေဖြူစေတဲ့ နေရာကိုပဲ သွားရမှာပေါ့
-----ရွှေတိဂုံစေတီတော်------
မျက်နှာသစ်ထားတဲ့ကဗျာ
 ထောင့်ကျကျစားပွဲမှာ အချစ်ခေတ်ရှိတယ်
သတိ ရာဇဝင်မတွင်ရ။
သက်ပြင်းချရင်း အလွမ်းတွေ ဖြေးနှေးအိပက်သွားတယ်
တစ်စက်စက်နဲ့ သိက္ခာတွေ
အရေမရအဖက်မရ ဖိတ်စင်ကျဲလို့
မုသားတွေကို သုံးသပ်ချက်တွေနောက်
ကြောထား
ငါ့ကိုယ်ငါ တဟားဟား ရယ်လိုက်တယ်
ကဲ မှတ်ပလား
ဒုက္ခကုန်အမှတ်တံဆိပ် မပိုင်ဆိုင်ကြောင်း
ကြော်ငြာထည့်လိုက်တယ်
တိတိကျကျ အဲဒီအတိုင်းပါပဲ
အသည်းကွဲမယ် ပုလဲဆွဲမယ်
မှိတ်တုတ်မှိတ်တုတ် နှစ်လွှာကြားက
စိတ်ထွတ်ပေါက်
တောက်တစ်ချက်ခေါက်ရင်း ရင်ထဲ
အသဲအသန် အေးဆေးတည်ငြိမ်ကြည့်တယ်
သူ့အပြုံးက ချိုမြတုန်းပါပဲ
လွယ်လွယ်ကူကူ ခက်ခဲခဲ့တယ်
သြော်အတ္တဝတီ ရယ်
ခေတ်ဇဝင်(၂၆-၅-၂၀၁၂)
Link
We have a link call friend
Base on sample love ink
Never and never dead relation
The best kindness with a biggest link…
We have a link call friend
None color paint heart pink
Ever and ever help connection    
The most strongest with a happiest link…
We have a link call friend
poor or rich is need didn’t
gather and gather honest  direction
The  result be realize a white friend …
 so we have hard heart connection with never unlink
khitzawin
ပန်းဝတ်မှုံခေတ်၌ အချစ်စစ်ဖြစ်ပွားခြင်း
စွယ်တော်ရွက်တွေ အပျံသင်ကာစ
သမိုင်းမတွင်ပေမယ့် နေရောင်ခြည်နုနုလေးတွေက
အဲဒီနေ့ကျမှ ခြေလှမ်းကျဲခဲ့တယ်
ဇဝေဇ၀ါနဲ့ ရေတွက်နေခဲ့မိတာ….
၁…၂…၃…………………………...၁၅၀၀
သေချာသွားတယ်
အဲဒီချိန်မှာပဲ ခရမ်းရောင်ကို
ကျွန်တော့်ရင်ထဲ အချစ်စစ်ဖြစ်သွားတယ်
လမင်းအမြဲလင်းတဲ့ ပန်းခေတ်ကို
တစ်သက်မှ တစ်ခါပဲ ရှူရှိုက်ဖူးသတဲ့(ဟုတ်ဟုတ် မဟုတ်ဟုတ်ဗျာ)
မွှေးလိုက်တဲ့ ရင်ခုန်ခြင်းတွေ…လေ
ခုတော-ကြင်နာ ကြည်နူး စွယ်တော်တွေလဲ
လေဟုန်မှာ အတူကူးခတ်တတ်ခဲ့ပြီ
လက်တွဲလို့ ခြေချရာနေရာတိုင်းက
ဧဒင်ဥယျာဉ်တွေ ဖြစ်ကျန်ခဲ့တယ်
နေမ၀င်အင်ပါယာတစ်ခုလုံး သိမ့်သိမ့်တုန်လို့
နှလုံးသားကိုယ်စီ ခုန်လှုပ်ခဲ့ကြပေါ့
ဟော- အနာဂါတ်တွေ လှပတော့မယ်
ကျွန်တော့်ရဲ့ သူမလေး ထာဝရ ပြုံးတတ်ခဲ့ပြီလေ…
ဆက်တိုက်ဆိုသလိုပါပဲ…
အချစ်စစ်တွေ ဖြစ်နေလိုက်တာ………
ပန်းဝတ်မှုံခေတ်တစ်ခုလုံး ……
(….)
မီးခွက်လေး ညိမ်းသွားပြီ       တဲ့…
ဒါပေမယ့် ကြည့်လိုက်ရာရာမှာ
သူ့အရိပ်တွေချည်းမြင်နေရတယ်
အသေအချာပဲ
ငါ့မျက်လုံးတွေကို
နှလုံးသားကွယ်သွားပြီမို့…
ပိုးစိုးပက်စက်ကို ဆိုးတယ်
အရိုးသားဆုံး အတ္တကိုလဲစွန့်လွှတ်
ငါအထွတ်အမြတ်ထားတဲ့ ချစ်ခြင်း
ဘယ်လိုတည်ဆောက်ဆောက်
ပျက်ယွင်းခဲ့ပြီ…
ငါ့ရင်ဘတ်ကိုကြည့်ပြီး
အားပေးခြင်းတွေပြိုလဲ
နှစ်သိမ့်ခြင်းတွေတောင်ငိုတယ်
ကဗျာတွေနဲ့တစ်ကိုယ်တော်ကခဲ့ရတဲ့
အဲဒီညတွေ…အဲဒီ့ညတွေ
ဆွတ်ဆွတ်ပျံ့ပျံ့ဝမ်းနည်း
ဒီတစ်လမ်းတည်းပဲ
လျှောက်လမ်းခွင့်ရှိသလား
အဲဒီ့ညတွေက
မင်းအတွက်…
ငါ့နှလုံးသားလောင်စာနဲ့တောက်လောင်ထားတဲ့
မီးခွက်လေး   ….
ခုတော့ ……
                …. မီးခြစ်….
သူသိပါစေ
စွယ်တော်ရွက်တွေ ကြွေကျနေတာမဟုတ်ဘူး
ငါ့နှလုံးသား မင်းဘေးနားရောက်နေခဲ့တာ…
မသိချင်ဟန်ဆောင်တာလား
ဒါမှမဟုတ် မသိချင်တာလား
ငါ့ရင်ဘတ် …
မင်းကို ဖွင့်ပြရလွန်းလို့ နေလောင်လွန်းလှပြီ…
 ဂရုမစိုက်နိုင်တော့ဘူး…
တစ်ချက်တစ်ချက်…
မင်းနာမည်လေး…ခပ်ကျယ်ကျယ်
ဟစ်အော်မိတယ်။
ကိုပြည့်စုံပြောသလိုလဲ …
ရင်ထဲမှာ မျှော်စင်လေးဆောက်မိတာပေါ့
ပန်းကလေး တတ်ကြည့်ဖို့ပါ…
မတော်တဆ ချော်ကျမသွားဖို့
အကာအရံတွေနဲ့တားထားတယ်…
လာလေ…
တခါးဖွင့်ထားမယ်
မဟုတ်ဘူး
သော့ပေးထားမယ်
တစ်ခြားသူတွေ ၀င်ကြည့်မှာစိုးလို့…
                                နေသွေး
သူမနှင့်ပတ်သက်၍…
သူ့အသံမကြားခင်ကတည်းက
ရင်ခုန်သံ မယ်လိုဒီတွေဖွင့်ထားပြီးသားထင်ရဲ့..
အတန်တန်တားထားတဲ့ကြားက
ဒီနှလုံးသားက ထထ,ကတယ်
ခဏခဏလှိုက်ခနဲ ဆို့တတ်လာတဲ့ ကြည်နူးခြင်း
ဘယ်သူဖန်ဆင်းလဲ မေးဖို့မလိုဘူး
လှပ်ခနဲ တွေးလိုက်မိတဲ့သူ့အပြုံး
ဘယ်ထုံးမှ ဆိုးစရာမလိုဘူး
ဖြူစင်နေပြီးသား။
ဘယ်စာသားက ဘယ်လိုတမ်းတတယ်ဆိုတာသိရင်
ဘာတွေဖြစ်ဖြစ်…
ငါ…ရူးဖြစ်အောင်ရူးကြည့်ဦးမယ်(ယဉ်ယဉ်လေးပါ)
ဘယ်ကလာ ဆူးတွေစူးနေရမှာလဲ…
အဲဒါ …နှလုံးသား ၀ှိုက်ဘုတ်ပေါ်မှာ
မြတ်နိုးမှုတွေ ထိုးစိုက်ထားတာ…
ကဲ….သေချာကြည့်..
သူ့ပုံရိပ်တွေမြင်ပြီမဟုတ်လား……..။
                             A9h2362011:7:05pm
မြန်မာစာပေလောကသို့သွားရန် အောက်မှာပေးထားသည့်ပုံကို နှိပ်ပါ။
 Photobucket
လဆွဲအားနည်းဖြင့် ကိုယ်ချစ်တဲ့သူ ပြန်ချစ်လာအောင်လုပ်နည်း။
(စိတ်စွမ်းအား ကျင့်စဉ်)
လပြည့်ည သန်းခေါင်ယံအချိန်မှာ မှန်တစ်ခုကိုယူပြီး မှန်ပေါ်မှာ
သင်အမှန်တကယ် ချစ်သည့်
လူ(ကောင်လေး(သို့)ကောင်မလေး)ရဲ့နာမည်ကို ရေးပါ။
နောက် အဲဒီမှန်ကို
လာရောင်ထိုးတဲံနေရာ(လရောင်ကျတဲ့နေရာ)မှာထားပါ။
 ပြီးရင်တော့ မှန်ပေါ်မှာ သင်အမှန်တကယ်ချစ်သည့်
လူ(ကောင်လေး(သို့)ကောင်မလေး)ရဲ့ မျက်နှာပေါ်လာအောင် စိတ်မှန်းနှင့်
ကြည့်ပြီး ပါးစပ်မှ အောက်ပါအတိုင်းပြောပါ။
“ရူးချင်ယောင်ဆောင်မနေနဲ့ ၊ ငါ့ကို အမြန်ပြန်လာချစ်(ကြိုက်)ပါ။“
မကြာခင် သင့်ဘက်သို့ စိတ်ယိုင်လာပါလိမ့်မည်။
မှတ်ချက်။    ။သင်အမှန်တကယ် နှစ်နှစ်ကာကာချစ်ဖို့လိုပါသည်။
             သင်ချစ်နေတာကို သိဖို့လည်းလို အပ်ပါသည်။
(သိုးဆောင်း၏ “အပေတေတစ်ယောက်ရဲ့ကျောင်းဆင်းချိန်” မှ)
=====================================
သင် ကံမကောင်းမှုများနှင့်ကြုံနေရလျှင် ကံကောင်းခြင်း
အမှတ်အသားလေးကို ဆောင်ထားပါ။
အဲဒီအမှတ်အသားလေးကတော့ ခြောက်ထောင့်ကြယ်ပုံလေးပါ။
သင်ချစ်တဲ့သူက အဖြေပေးမယ်ဆိုရင်
ခြောက်ထောင့်ကြယ်ပုံပါသည့် အနက်ရောက်အင်္ကျီကို ၀တ်သွားပါ။
သင်ကံကောင်းမှာပါ။
ခြောက်ထောင့်ကြယ်ကို ကိုယ်တိုင်ဆွဲလည်းရပါတယ်။
ဥပမာ ဆော့ပင်(န်)နဲ့ပေါ့။
 ကျွန်တော် idea လေးပါ
နာရီပုံတွေနဲ့ ရည်းစားစကားပြောနည်း (သို့) အဖြေပြန်ပေးနည်း။
search for 
                                 Google
  Advanced Search
  Language Tools
Advertising Programs - Business Solutions - About Google
©2010 - Privacy
                      my email address is aung9htun0@gmail.com aa Welcome to my site
မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.
တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th  မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th   မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့.  4th, 13th, 22nd, 31st မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့.  5th, 14th, 23rd          မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့.  6th, 15th, 24th          မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့.   7th, 16th, 25th         မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့.   8th, 17th, 26th         မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့.   9th, 18th, 27th         မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို
ဝန်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိ
တယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်..  ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို
မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!! 
နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ  ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို
ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ..  နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို
ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ  ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ  ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!
နံပါတ် (၃)
နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်..
ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
  အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို  ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..  သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..
မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့  မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ
နဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့...  6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
နံပါတ် (၄)
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..
အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး..
အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့  အဲဒီအတွက်နဲ့ပဲ..  တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ..  မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို  ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့..  မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
ထွန်းပေါက်နိုင်ပါတယ်.. 
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!
နံပါတ် (၅)
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ...
မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို  တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့....  1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!
နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်..  အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို
နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..
အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!
နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..
မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
 အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
 အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ  ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....  မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်..  မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..
သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင်  စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက
မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..  ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့..  1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့   5!!!
နံပါတ် (၉)
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ   ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်ကြီမားသူလည်းဖြစ်တယ်။
သူငယ်ချင်းတို့  သင်ဟာသင့်ချစ်သူအပေါ်ဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာမှန်းကြည့်ချင်လား။
ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။
မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။
ကိုယ်ရွေးလိုက်တဲ့အဖြေရဲ့ ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။
ဥပမာ-နံပါတ် 1 မှာသင်က တိုကျိုကိုရွေးချယ်ခဲ့ရင် တိုကျိုရဲ့ ဘေးမှာရေးထားတဲ့အတိုင်း မေးခွန်း နံပါတ် 3 ကိုသွားဖြေရမှာပါ၊ မေးခွန်းနံပါတ် 2 ကိုဖြေဖို့ မလိုပါဘူး။
မေးခွန်းတိုင်းဖြေဖို့ မလိုပါဘူး။
1 ။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။
ပေကျင်း - go to question 2
တိုကျို - go to question 3
ပဲရစ် - go to question 4
2 ။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား?
ငိုတတ်တယ် - go to question 4
မငိုတတ်ဘူး - go to question 3
3 ။ သင်ဟာချစ်သူနဲ့ ချိန်းထားတယ်၊ ပြောထားတဲ့အချိန်ထက်တစ်နာရီလောက်နောက်ကျနေတာတောင်သူကရောက်မလာသေးဘူး၊ ဒါဆိုသင်ဘာလုပ်မလဲ?
နောက်ထပ်နာရီဝက်တော့ထပ်စောင့်လိုက်မယ် - go to question 4
ချက်ချင်းပဲပြန်တော့မယ် - go to question 5
လာတဲ့အထိစောင့်မှာပေါ့ - go to question 6
4 ။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ်လား?
အင်း - go to question 5
ဟင့်အင်း - go to question 6
5 ။ ပထမဆုံးချိန်းတွေ့ ချိန်မှာ သူကသူ့ ကိုနမ်းဖို့ တောင်းဆိုလာရင် ဘာလုပ်မလဲ?
မနမ်းပါဘူး - go to question 6
သူ့ လက်ခုံကိုပဲဖွဖွလေးနမ်းမယ် - go to question 7
ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ့  - go to question 8
6 ။ သင်ကဟာသဥာဏ်ရွှင်တဲ့သူလား
ဟုတ်တယ် - go to question 7
မဟုတ်ဘူး - go to question 8
7 ။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွမ်းရှိသူလား
ထင်ပါတယ် - go to question 9
မဟုတ်ပါဘူး - go to question 10
8 ။ တကယ်လို့ သင့်မှာရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင်သလဲ
ယောင်္ကျားအဖြစ် - go to question 9
မိန်းမအဖြစ် - go to question 10
ဘာဖြစ်ဖြစ်ပါ - TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
9 ။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက်ထက်ပိုထားဖူးသလား။
ထားဖူးတယ် - TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
မထားဖူးပါ - TYPE A ( အောက်မှအဖြေကိုကြည့်ပါ )
10 ။ သင်ဟာလိမ္မာပါးနပ်သူလို့ ထင်ပါသလား။
ထင်ပါတယ် - TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
မထင်ပါဘူး - TYPE C ( အောက်မှအဖြေကိုကြည့်ပါ )
အဖြေ
TYPE A: Congratulations!
သင်ဟာတစ်ဖက်သားအပေါ်အရမ်းကိုဆွဲဆောင်မှုရှိပါတယ်၊ ချစ်သူရဲ့ မျက်လုံးထဲမှာသင်ဟာချစ်စဖွယ်အလှကိုပိုင်ဆိုင်ထားသူအဖြစ်ရှိနေမှာပါ
သင်ဟာချောမောလှပရုံတင်မက ဟာသဥာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပါတယ်။ ပညာတတ်ပုဂ္ဂိုလ်ဖြစ်ပြီးလူတွေကိုဘယ်လိုပေါင်းသင်းရမယ်၊ အချိန်ကိုဘယ်လိုခွဲဝေအသုံးချရမယ်ဆိုတာကောင်းကောင်းသိသူပါ။ ဒါကြောင့်သင်ဟာလူတွေကြားမှာအမြဲတမ်းထင်ပေါ်နေမှာပါ။
TYPE B: Quite good!
သင်ဟာဆန့် ကျင်ဘက်အပေါ်အလွယ်တကူတော့ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့သင့်အပေါ်လွယ်လွယ်ကူကူချစ်မိသွားဖို့ တော့သိပ်မဖြစ်နိုင်ပါဘူး။ သင့်ရဲ့ ဟာသဥာဏ်ကလူတွေကိုပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲသင်နဲ့ အတူရှိရတာပျော်နေပါလိမ့်မယ်။
TYPE C: Not bad!
သင်ဟာဆန့် ကျင်ဘက်လူအပေါ်အလွယ်တကူမဆွဲဆောင်နိုင်ပါဘူးတဲ့။ ဒါပေမဲ့သူတို့ ရဲ့ စိတ်ထဲမှာသင်ရှိနေတာကောင်းတယ်လို့ ထင်ရလောက်အောင်သင့်မှာကောင်းကွက်လေးတွေတော့ရှိပါသေးတယ်။ သင်ဟာရိုးသားဖြူစင်ဖို့ တော့လိုပါလိမ့်မယ်။ ပြီးတော့အမြင်မှန်ဖို့ လဲလိုမှာပါ။ သူငယ်ချင်းတွေကတော့သင်ဟာခင်မင်စရာကောင်းတယ်လို့ ထင်ကြမှာပါ။
TYPE D: Oh!
သင်ဟာတစ်ဖက်သားအပေါ်မှာလုံးဝကိုဆွဲဆောင်မှုမရှိပါဘူးတဲ့။ သင်ဟာဗဟုသုတလဲသိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင်အရည်အချင်းလဲသိပ်မရှိပါဘူး။ ချစ်သူအပေါ်မှာလဲရိုင်းပျစော်ကားတာမျိုးမလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာဆန့် ကျင်ဘက်တွေကြားမှာသိပ်ပြီးမထင်ပေါ်သူပါ။
ကဗျာအသစ်
မလုပ်လိုက်နဲ့
   နှုတ်မဆက်လိုက်ပါနဲ့ ချစ်သူ…
လက်ပြတာ တွေ့ခဲ့ရင်တောင်
`တာ့တာ´လို့ မယူဆပါရစေနဲ့
ပထမဆုံးတွေ့တဲ့ နှုတ်ဆတ်ခြင်းလို့
မြင်ကြည့်ပါရစေ…
   ငိုမချလိုက်ပါနဲ့ ချစ်သူ…
ငါလျှောက်ခဲ့တဲ့ နောက်ကွယ်မှာတောင်
လွမ်းချင်းတွေ မငြီးလိုက်ပါနဲ့
ဆောင်းတွင်းညရဲ့ အိပ်မက်လို့
တွေးကြည့်ပါရစေ…
   လွမ်းမပြလိုက်ပါနဲ့ ချစ်သူ…
ခဏတာခွဲခဲ့ရင်တောင်
မျက်ဝန်းလေးမညိုလိုက်ပါနဲ့
လုံးဝ ဒီကောင်မနေတတ်လို့
အတိတ်မေ့ထားပါရစေ…
မြင်စေ သိစေ ယုံစေချင်
ချစ်သူ…
ခက်မိုက်မိုက်စာသားတွေနဲ့
ကြွေပြနေတာမဟုတ်ပါဘူး
ငါ့ရင်ဘတ်ကို
နင်… မြင်စေချင်ရုံသက်သက်ပါ။
ချစ်သူ...
`ရိမ်မိုး´ရဲ့သီချင်းတစ်ပုဒ်နဲ့
ကြွှေပြနေတာမဟုတ်ပါဘူး
ငါ့အလွမ်းကို
နင်…သိစေချင်ရုံသက်သက်ပါ။
ချစ်သူ…
ရီဝေနေတဲ့မျက်ဝန်းတွေနဲ့
ငေးမောနေတာမဟုတ်ပါဘူး
ငါ့သတိရခြင်းကို
နင်…သိစေချင်ရုံသက်သက်ပါ။
ချစ်သူ…
အလန်းသားစိတ်ကူးတွေနဲ့
အတွေးထဲအိမ်ဆောက်နေတာမဟုတ်ပါဘူး
ငါ့အချစ်ကို
နင်…ယုံကြည်စေချင်ရုံသက်သက်ပါ။
`ခွင့်ပြုပါ´
အလွမ်းကြွေကျတဲ့ မနက်ခင်းရှိရင်
ငါ့ကို ခဏလောက်ဖြစ်ဖြစ်ငှားပါ။
ငါ့ရင်ထဲက အဲဒီအလွမ်းတွေကို
ခြွေချချင်လို့ပါ။
ကြေကွဲခြင်း ရေမျောတဲ့မြစ်ရှိရင်
ငါ့ကို တနေ့နေ့မှာ ပြောပြပေးပါ။
ငါမလိုချင်တဲ့ ကြေကွဲခြင်းတွေကို
ရေမျောခွင့်ပြုပါ။
အမုန်းမီးရှို့တဲ့ မီးခြစ်ရှိရင်
ငါ့ကို ခဏလောက်ဖြစ်ဖြစ်ငှားပါ။
နင့်ရင်ထဲက မရှိသေးတဲ့အမုန်းတွေကို
မီးရှို့ခွင့်ပြုပါ။
အချစ်ချူဆွတ်တဲ့ ချိတ်(ဂျိတ်)ရှိရင်
ငါ့ကို ခဏလောက်ဖြစ်ဖြစ်ငှားပါ။
နင့်ရင်ထဲက အဲဒီအချစ်တွေကို
(ခွင့်ပြုမယ်ဆိုရင်)
ချူယူခွင့်ပြုပါ။
အလွမ်းကျောင်း
စည်းကမ်းတင်းကြပ်
စိတ်သိပ်ပျက်တယ်
ကျောင်းမတတ်ချင်
ဘွဲ့ရလျှင်ဖြင့်
ငါပင်ပျော်မြူး
ဂျွမ်း(ကျွမ်း)ထိုးဦးမည်။
စိတ်ကူးကာပျော်
ဤကျောင်းတော်ဝယ်
တစ်နှစ်တစ်တန်း
ဖြတ်ကာလှမ်းလို့
တတ်လှမ်းခဲ့ရ
တစ်ခဏတွင်း
ဘွဲ့ရခြင်းသို့
ရောက်ရှိခဲ့ပြီ သူငယ်ချင်း။
သို့ပါသော်လည်း
မပျော်နိုင်ပေါင်
ဒီကကောင်ဖြင့်
လွမ်းရယ်ပြေဘူး
သီချင်းစူးကာ
ရင်တွင်းမှာထိ
ခံစားမိတယ်
အီး…ဟီး…
လွမ်းလွန်းလှတယ်
ကျောင်းတော်ကြီး။
မီလျံနာ
ငါ…အလွမ်းတွေကို  စုစည်းပြီး
သိမ်းထုပ်လိုက်တယ်          
ဘယ်သူမှ မယုံသည့်တိုင်         
ငါဟာ အလွမ်းမီလျံနာတစ်ဦးပါ ချစ်သူ။
ငါ…အချစ်တွေကို စုစည်းပြီး 
သိမ်းထုပ်လိုက်တယ်
ဘယ်သူမှမယုံသည့်တိုင်          
ငါဟာ အချစ်မီလျံနာတစ်ဦးပါ ချစ်သူ။
ငါ…ရင်ထဲမှာ
နုနုညံ့ညံ့ခံစားရတဲ့သတိရခြင်းတွေကို 
ဝှက်ကြည့်ပေမယ့်              
ငါ့ကိုယ်ငါ … အဝေးကိုလွှင့်ပစ်နေမိသလိုပါဘဲ 
အဲလို ရူးသွပ်သူပါ ချစ်သူ။
အစွန်းရောက်ခြင်းတွေ
ဆန့်ကျင်ချင်မိတဲ့ငါ…
အစွန်းရောက်ခြင်းတွေသာ
ရင်ထဲမှာမွေးဖွားလာတယ်
အဲဒါ…မင်းအပေါ်မှာ ချစ်မိတဲ့
အချစ်တွေပါ ချစ်သူ။
ပန်းကလေးတွေက
ခပ်ကြမ်းကြမ်းနမ်းခံရရင်
ရနံ့တွေငိုကြွေးတယ်တဲ့။
 ကိုယ်ကတော့ အနမ်းမခံရပါပဲ
ရင်ဘတ်က…
ခပ်ကြမ်းကြမ်းလေးငိုကြွေးဖူးပါရဲ့။
တစ်ခုတော့ပြောပါရစေ
ငါ…မျက်ရည်မီလျံနာ မဟုတ်တော့ပါဘူး။
့ကဗျာများအားလုံးသို့
အခွင့်ရှိရင်
ရိုးရိုးရှင်းရှင်း“ရ”ကောက်များ
ရာသီဥတု(၆)ပါး
ဝင်ခွင့်မရှိ
ပေးဆပ်ခြင်းလဲ အချစ်
အစစ်များ
ချစ်သူ (py@e$oneom)
နှလုံးသား=မိုး(py@e$oneom)
အလွမ်းပြေ
သော်သာ
မောင်နဲ့မ
အတွေးထဲကအိမ်
မင်းသဘောအတိုင်း
အတိတ်
မသေချာသော သေချာမှု
သဘောထား
နတ်သမီး
ခရမ်းပြာရောင် နတ်သမီးလေး
ထာဝရ
မိုး
ဇာတ်လမ်း
ချစ်ခြင်းအတိနဲ့ ပြီးပြည့်စုံတဲ့ ဘဝ
လမ်းသစ်လမ်းဟောင်း
သံယောဇဉ်အိပ်ခန်းလေး
တစ်ယောက်ထဲ
ဇာတ်ရံ
မင်းသာလျှင်
အလွမ်းမြေ
ဖတ်ကြည့်ကြပါ။
ချစ်လားမချစ်လားသိဖို့အတွက်
နည်းလမ်း၁၂သွယ်
ခုဝေမျှပေးချင်ပါတယ်။ မှန်လားမမှန်လားတော့
ကိုယ့်ဘာသာစမ်းသပ်ကြည့်ကြပါနော်
။ ဖတ်ပြီးရင်လည်း
ဝေဖန်ချက်လေးပေးကြပါဦးနော်။ ဆက်ရေးဖို့အတွက်
ခွန်အားလေးများပေးကြပါရန်မေတ္တာ
ရပ်ခံအပ်ပါသည်။
ချစ်လားမချစ်လားသိဖို့အတွက်နည်း
လမ်း ၁၂ သွယ်
၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း
သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့အခါ
မှာ သင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိ
မ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ်။ သင်
စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်ေ
နလိမ့်မယ်။ သင်မျက်နှာမှာ
အပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်း
ရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာကြော
င့် သင်ဟာ နံပါတ် ၇
ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူ
း။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ြ
ပီး
သင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့
။ အသင့်နှလုံးသားထဲမှာရှိတဲ့လူကို
ချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ ကိုယ့်ကိုကိုယ်
စမ်းသပ်ကြည့်ကြပါနော်။
Simple Countdown
Google+ Web Search
Recent Videos
183 views - 0 comments
384 views - 0 comments
361 views - 0 comments
Upcoming Events
No upcoming events
how is my site?
Weather